လိဒ်နှင့် စပါးစ်ပွဲတွင် ဂျေဒန်ဘိုဂူ အနီကတ်ပြသခြင်းမခံရမှုအပေါ် ပရီးမီးယားလိဂ် ရှင်းလင်းလာ
နိုဝင်ဘာ ၈
စပါးစ်ပရိသတ်များဟာ ယနေ့ည လိဒ်အား အဝေးကွင်းတွင် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဂျေဒန်ဘိုဂူ အနီကတ်ပြသခြင်းမခံရမှုအတွက် အကြီးအကျယ် ဒေါသထွက်လျက်ရှိနေကြပါတယ်။
စနေနေ့ည အစောပိုင်းပွဲအဖြစ် Elland Road တွင် လိဒ်နှင့် စပါးစ်တို့ ရင်ဆိုင်ကစားခဲ့ကြတာ ဖြစ်ပြီး ယင်းပွဲစဉ်အတွင်းတွင် အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်များ ဖြစ်ခဲ့ပါတယ်။ ယင်းအထဲက တစ်ခုကတော့ ဂျေဒန်ဘိုဂူရဲ့ ဖျက်ထုတ်မှုတစ်ခုလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် လိဒ်နောက်ခံလူဂျေဒန်ဘိုဂူဟာ စပါးစ်တိုက်စစ်သမားမာသီတဲလ်ကို နောက်က ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပါတယ်။
ဘိုဂူဟာ ဘောလုံးကို ရည်ရွယ်ဖျက်ထုတ်ခဲ့ပေမယ့်လည်း လွဲချော်ကာ တဲလ်ရဲ့ ဖနောင့်ကို ထိသွားခဲ့တာပါ။
ဒိုင်လူကြီးက ယင်းအဖြစ်အပျက်အား အရေးယူခြင်း မပြုလုပ်ခဲ့ဘဲ VAR က ကြားဝင် အဖြစ်အပျက်ကို စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
VAR က စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီဟာ အကြီးအကျယ်ဒေါသထွက်နေခဲ့တာ တွေ့ရပါတယ်။
တဖက်တွင် တဲလ်မှာ ဖနောင့်ဒဏ်ရာရရှိသွားတယ်လို့ ယူဆရကာ ကွင်းအတွင်း လဲကျနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံးတွင် VAR ယင်းအဖြစ်အပျက်ကို စစ်ဆေးမှု ပြုလုပ်ပြီးနောက် ပြင်းထန်တဲ့ ဖျက်ထုတ်မှု မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် မာတီတဲလ်ကတော့ ပွဲကို ဆက်မကစားနိုင်တော့ဘဲ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
ယင်းနောက် Premier League match centre က ဘိုဂူအား အနီကတ်မပြသမှုနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွင် ရှင်းလင်းမှု ပြုလုပ်လာပါတယ်။
Premier League match centre က "တဲလ်ကို ဘိုဂူက ဖျက်ထုတ်မှုအတွက် ဒိုင်လူကြီးရဲ့ အနီကတ်မပြသဖို့ ဆုံးဖြတ်မှုကို စစ်ဆေးခဲ့ပါတယ်။ VAR က အတည်ပြုပါတယ်။ VAR က 'ကွင်းတွင်း ဆုံးဖြတ်ချက်အတိုင်း အနီကတ်မပြသဖို့ အတည်ပြုပါတယ်။ ဖျက်ထုတ်မှု ပြုလုပ်ရာမှာ အရှိန်မပါပါဘူး။ သူက ဖျက်ထုတ်ဖို့ လုပ်ခဲ့တယ်။ မဆင်မခြင်ဝင်ရောက်မှုလို့ အတည်ပြုနိုင်ပါတယ်'လို့ ကြေညာသွားပါတယ်။