4 d - Translate

ကော့သောင်းလေဆိပ် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းနှင့် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းများ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

ကော့သောင်း၊ နိုဝင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ကော့သောင်းလေဆိပ်၌ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေကို သွားရောက်ကြည့်ရှုခဲ့သည်။

ဦးစွာ လေဆိပ်ခန်းမဆောင်တွင် ကော့သောင်းလေဆိပ် လေယာဉ်ရပ်နားရာနေရာ (၉၀၀ x ၂၅၀) ပေအား နိုင်လွန်ကတ္တရာရေပိတ်လွှာခင်းခြင်းလုပ်ငန်း၊ ကုန်စည်အဆောက်အဦ (Cargo) (၁၂၀ x ၆၀) ပေ တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ပြေးလမ်း (၆၀၀၀ x ၁၅၀) ပေအား နိုင်လွန်ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်းတိုကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုပြင် လေယာဉ်ပြေးလမ်းမြောက်ဘက်သို (၂၀၀၀ x ၁၅၀) ပေ တိုးချဲ့ခြင်း၊ မြေကြီးလုပ်ငန်း ပေ ၂၀၀ ဆောင်ရွက်ခြင်း၊ အောက်ခံကျောက်လွှာ (၆၀၀ x ၁၅၀) ပေ ခင်းခြင်း၊ ၄ လက်မထု နိုင်လွန်ကတ္တရာ (၆၀၀ x ၁၅၀) ပေ ထပ်ပိုးလွှာခင်းခြင်း၊ Box Culvert ပေ ၂၀၀ တစ်ခုနှင့် မြေထိန်းနံရံ ပေ ၁၂၀၀ ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

image