ဖော်မြူလာဝမ်းအသင်းကို ပေါင် ၂ ဘီလီယံဖြင့် ဝယ်ယူရန် လီဗာပူးပိုင်ရှင်ဆွေးနွေးနေ

နိုဝင်ဘာ ၅

လီဗာပူးပိုင်ရှင် Fenway Sports Group ဟာ Cadillac Formula One ရဲ့ အဓိကရှယ်ယာများကို ဝယ်ယူထိန်းချုပ်ရန် ဆွေးနွေးနေပါတယ်။

Cadillac Formula One ရဲ့ ပူးတွဲပိုင်ရှင်မတ်ဝေါလ်တားဟာ အာမခံငွေလိမ်လည်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ခံရပြီးနောက် ၎င်းပိုင် အားကစားအသင်းများကို ရောင်းချနေတာ ဖြစ်ပြီး Fenway Sports Group က သူပိုင်ရှယ်ယာများကို ပေါင် ၂ ဘီလီယံကျော်ဖြင့် ဝယ်ယူရန် ဆွေးနွေးနေတာပါ။

လက်ရှိအချိန်တွင် အသက် ၆၆ နှစ်ရှိ ဝေါလ်တားက သူပိုင် အာမခံကုမ္ပဏီများထံ ငွေကြေးစီးဆင်းစေမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းခံနေရပေမယ့်လည်း ငြင်းဆိုထားပါတယ်။

ဝေါလ်တားဟာ အာဆင်နယ်ပိုင်ရှင်စတန်ခရွန်ယက်ကီကဲ့သို့ အားကစားအသင်းများစွာ ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

သူဟာ မေဂျာလိဂ်ဘော့စဘောအသင်း Los Angeles Dodgers ကိုလည်း ထိန်းချုပ်ထားသူ ဖြစ်ပြီး ဖိအားများအောက် ကျရောက်နေပေမယ့်လည်း ရောင်းချမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

ယနေ့တွင် The Guardian ရဲ့ ဖော်ပြလာမှုအရ FSG ဟာ နွေရာသီတုန်းက လီဗာပူးရဲ့ ရှယ်ယာ ၃၈ ရာခိုင်နှုန်းအား Amazon တည်ထောင်သူဂျော့ဖ်ဘီဇော့စ်ပါဝင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ထံ ရောင်းချလိုက်ပြီးနောက် အခြားအားကစားများတွင် ရင်းနှီးမြှပ်နှံရန် လုပ်ဆောင်လာပါတယ်။

Cadillac ဟာ ၂၀၁၀ ခုနှစ်တုန်းက တန်ဖိုး ပေါင်သန်း ၃၀၀ ကျော်သာ ရှိပေမယ့်လည်း လက်ရှိအချိန်တွင် တန်ဖိုး ပေါင် ၅.၅ ဘီလီယံရှိတဲအသင်းပါ။

FSG ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း တိုးတက်မှုများစွာ ရှိလာတဲ့ ဖော်မြူလာဝမ်းလောကတွင် ရင်းနှီးမြှပ်နှံရန် စိတ်အားထက်သန်နေပါတယ်။

တဖက်တွင် FSG ဟာ အားကစားရုပ်သံလွှင့်ခမှ ဝင်ငွေအပါအဝင် ပြီးခဲ့တဲ့ ကိုးနှစ်အတွင်းတွင် ဝင်ငွေနှစ်ဆတိုးပြီး ပေါင် ၃ ဘီလီယံအထိ တိုးမြင့်လာပြီးနောက် ဝင်ငွေတိုးပွားနိုင်မယ့်လမ်းကြောင်း ရှာနေပါတယ်။

image