1 ပတ် - ဘာသာပြန်ပါ။

ဗယ်ဗာဒီအား အသင်းခေါင်းဆောင်ပီသစွာ လိုအပ်တဲ့နေရာတွင်ကစားရန် ပြောကြားလာသလိုမှာ အေအီးကေအေသင်နှင့်ပွဲတွင် ဗီနီရှပ်စ် ပွဲထွက်လာမည်ဟု မော်ရင်ဟို အတည်ပြုလာ

နိုဝင်ဘာ ၄

ဂျိုဆေးမော်ရင်ဟိုက အေအီးကေအေသင်နှင့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အသင်းခေါင်းဆောင်ဖီဒီရီကိုဗယ်ဗာဒီအား အသင်းခေါင်းဆောင်ပီသစွာ လိုအပ်လာပါက ပေးဆပ်ရန် တိုက်တွန်းသွားပြီး ဗီနီရှပ်စ်ဂျူနီယာမှာ ပွဲထွက်ကစားလာမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဗယ်ဗာဒီဟာ ယခုရာသီ နောက်ပိုင်းပွဲစဉ်များတွင် ညာနောက်ခံလူအဖြစ် ကစားနေရသူလည်း ဖြစ်ပါတယ်။

ဗယ်ဗာဒီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အလွန်ဆိုလက်အောက်တွင် ညာနောက်ခံလူအဖြစ် ကစားရစဉ်တုန်းက ကွင်းလယ်တွင်ပင် ကစားလိုကြောင်း လူသိရှင်ကြား ပြောဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ယခုအခါ မော်ရင်ဟိုက "ဖီဒီကို ဒီအသင်းမှာ အရမ်းအရေးကြီးတဲ့ ကစားသမားတစ်ယောက်လို့ မြင်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်တာနဲ့အညီ ကွဲပြားတဲ့လမ်းကြောင်းတစ်ခု ကြည့်ရပါမယ်။ အသင်းခေါင်းဆောင်ဖြစ်နေတဲ့အခါ ကွဲပြားနေရပါမယ်။ ဒါက တာဝန်ယူ တာဝန်ခံမှုတစ်ခုပါ။ ဒါကြောင့်လည်း အသင်းအတွက် ကစားဖော်တွေအတွက် လိုအပ်တဲ့နေရာမှာ လိုသလို ဖြည့်ကစားဖို့ လိုတယ်လို့ ထင်တယ်။ ဒါက အသင်းခေါင်းဆောင်ဆိုတာ ကျွန်တော့်အတွက် ဒီလို လူစားပါ။ ကျွန်တော်ကတော့ ဖီဒီ ဘယ်နေရာမှာပဲ ကစား ကစား ပြဿနာဖြစ်လာမယ်လို့ မယုံပါဘူး။ ဘယ်နောက်ခံလူနေရာမှာ လိုရင်လည်း အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ယူမှုအပြည့်နဲ့ သူ ကစားလာမှာပါ"လို့ ပြောကြားသွားပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက လာလီဂါတွင် ပွဲပယ်ခံနေရတဲ့ ဗီနီရှပ်စ်မှာ အေအီးကေအေသင်နှင့်ပွဲတွင် ပွဲထွက်ကစားလာမှာ ဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။

မော်ရင်ဟိုက "ဘရာဟမ်၊ အန်းဒရစ်တို့ ရှိနေသေးတာ မမေ့ပါနဲ့။ ကျွန်တော်တို့မှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီးပါ။ ကစားသမားများတာက ကျွန်တော့်အတွက် ဘယ်တုန်းကမှ ပြဿနာ မဟုတ်ပါဘူး။ ဒေယိုမန်ဒီက တောင်ပံနှစ်ဖက်မှာ ကစားနိုင်တယ်။ ဘရာဟမ်လည်း ဒီအတိုင်းပဲ။ အန်းဒရစ်လည်း ညာခြမ်းမှာ ကစားနိုင်တယ်။ ဒါပေမယ့် ဘယ်ခြမ်းမှာလည်း သူတို့အားလုံးကစားနိုင်တယ်။ ဗီနီက ဘယ်တောင်ပံမှာ ကစားဖို့ အသင့်တော်ဆုံးပါ။ ကျွန်တော်တို့ ဒါကို သိပါတယ်"လို့ ပြောကြားသွားပါတယ်။

image