1 ပတ် - ဘာသာပြန်ပါ။

နူနိုကို ထုတ်ပယ်ပြီးနောက် ပါကားအား ခန့်အပ်ရေး ဝက်စ်ဟမ်း ချဉ်းကပ်လာ

နိုဝင်ဘာ ၄

ဝက်စ်ဟမ်းဟာ နူနိုအက်စ်ပီရီတိုဆန်တိုအား ထုတ်ပယ်လိုက်ပြီးနောက် နည်းပြချုပ်ရာထူးအတွက် စကော့ပါကားအား ခန့်အပ်ရေး ချဉ်းကပ်လာပါတယ်။

အသက် ၅၂ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့အပြင် ယခုရာသီ ချန်ပီယံရှစ်ရာသီအစ စိတ်ပျက်စရာ ရလဒ်ကြုံတွေ့နေရမှုနှင့်အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လက်ရှိအချိန်တွင် ဝက်စ်ဟမ်းရဲ့ ဘန်လေ၊ ဘုန်းမောက်၊ ဖူလ်ဟမ်နည်းပြဟောင်းနှင့် ဆွေးနွေးမှုမှာ တိုးတက်လျက်ရှိနေပြီး ယခုရက်ပိုင်းအတွင်း နည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာလာဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းဟာ ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ရေး ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း လက်ရှိအချိန်တွင် ဇယားထိပ်ဆုံးမှ မစ်ဒယ်ဘရော့နှင့် ရမှတ် ၆ မှတ်ကွာဟကာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဝက်စ်ဟမ်းဟာ နောက်ဆုံး ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရရှိထားပြီး အိမ်ကွင်းတွင် ဆောက်သမ်တန်၊ ဝက်စ်ဘရွန်းတို့အား ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။

ယနေ့ညတွင် ကာဒစ်အား အဝေးကွင်းသို့ သွားရောက် ကစားရမယ့် ချန်ပီယံရှစ်ပွဲစဉ်တွင် ဝက်စ်ဟမ်းကို မတ်နိုဘယ်၊ စတိဗ်ပေါ့စ်၊ ဂါရတ်ပရန်ဒယ်ဗီလီတို့က ယာယီနည်းပြများအဖြစ် ကြီးကြပ်လာပါမယ်။

စကော့ပါကားဟာ ယခင် သူကိုင်တွယ်ခဲ့တဲ့ ဖူလ်ဟမ်၊ ဘုန်းမောက်၊ ဘန်လေ ၃ သင်းလုံးအား ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

image