နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအား ဝက်စ်ဟမ်း ထုတ်ပယ်လာ
နိုဝင်ဘာ ၄
ဝက်စ်ဟမ်းဟာ စိတ်ပျက်စရာ ချန်ပီယံရှစ်ရာသီအစ ရလဒ်နှင့် ကြုံတွေ့ရပြီးနောက် နည်းပြနိူနိုအက်စ်ပီရီတိုဆန်တိုအား ရာထူးမှ ထုတ်ပယ်လာပါတယ်။
အသက် ၅၂ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ဝက်စ်ဟမ်းကို စတင်ကိုင်တွယ်လာတာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှ ချန်ပီယံရှစ်သို့ တန်းဆင်းလာရပေမယ့်လည်း ဆက်လက် ကိုင်တွယ်လာခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိရေး ရေပန်းစားနေခဲ့ပေမယ့်လည်း ချန်ပီယံရှစ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်ကာ ထိပ်ဆုံးမှ မစ်ဒယ်ဘရော့နှင့် ရမှတ် ၆ မှတ်ကွာဟနေပါတယ်။
ဝက်စ်ဟမ်းဟာ နောက်ဆုံး ၆ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရထားသလို ၂ ပွဲဆက် ရှုံးနိမ့်ကာ အဆင့် ၂ နေရာမှ အဆင့် ၈ သို့ ဆင်းခဲ့ရပါတယ်။
လက်ထောက်နည်းပြရူအီပီဒရိုဆေးလ်ဗားနှင့် ဂိုးနည်းပြရူအီဘာဘိုဆာတို့မှာလည်း ဝက်စ်ဟမ်းမှ ထွက်ခွာသွားခဲ့ကြပါတယ်။
မတ်နိုဘယ်၊ စတိဗ်ပေါ့၊ ဂျီရတ်ပရန်ဒါဗီလီတို့က ဗုဒ္ဧူဟူးနေ့တွင် ကာဒစ်ဖ်စီးတီးအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမယ့် ပွဲစဉ်အား ယာယီအဖြစ် ကြီးကြပ်လာကြပါမယ်။
ဝက်စ်ဟမ်းဟာ ၂၀၂၄ ခုနှစ် မေလတွင် ဒေးဗစ်မိုယက်စ် ထွက်ခွာသွားပြီးနောက် ၄ ဦးမြောက် အမြဲတမ်းနည်းပြအား ရှာဖွေလာရပြီ ဖြစ်ပါတယ်။