6 ရက် - ဘာသာပြန်ပါ။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်မှာ အကြမ်းဖက်လက်ချက်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရပြီး မန္တလေးတိုင်းမှာ စည်ပင်ဒုဦးစီးမှူး အမျိုးသမီး ၂ ဦး ဖမ်းဆီးခံရ

နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တို့မှာ အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး ဒဏ်ရာရပြီး မန္တလေးတိုင်းဒေသကြီး၊ မလှိုင်-မန္တလေးကားလမ်းမှာလည်း စည်ပင်ဒုဦးစီးမှူး အမျိုးသမီး ၂ ဦး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပဲ့သောင်းကျေးရွာတွင် အသက် ၃၃ နှစ်အရွယ် ကိုအောင်အောင်သည် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက နေအိမ်၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဇရပ်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။

အလားတူ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၁၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ အမည်မသိအဖွဲ့တစ်ဖွဲ့က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရပ်ကွက်အတွင်းနေထိုင်သည့် အသက် ၁ နှစ် ၁၁ လအရွယ် မောင်စောကျော်ကို့လွဲတွင် ပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒဏ်ရာရကလေးငယ်အား ကမမောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်နေ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးမှူး ဒေါ်ခင်သီတာချို (၄၄ နှစ်) နှင့် ဒေါ်ဇင်နီလာအောင် (၃၄ နှစ်) တို့သည် နိုဝင်ဘာ ၂ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က မလှိုင်မြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာစဉ် မလှိုင်-မန္တလေးကားလမ်းရှိ လိပ်ခွဲလမ်းဆုံအနီးအရောက်၌ PDF အမည်ခံအဖွဲ့က အကြမ်းဖက်ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

#centralnewsnaypyitaw

imageimage