1 ရက် - ဘာသာပြန်ပါ။

အီစတယ်ဗိုကို အငှားချရန် ဆွေးနွေးခြင်းမရှိကြောင်း အလွန်ဆို ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ ရှာဘီအလွန်ဆိုက အသင်းကစားသမား အီစတယ်ဗိုကို အငှားချရန် ဆွေးနွေးခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အီစတယ်ဗို(၁၉ နှစ်)သည် ပြီးခဲ့သည့်ရာသီက အသင်း၏အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည်။
သို့သော် အလွန်ဆိုလက်ထက်တွင် ပွဲကစားချိန် ၁၇၂ မိနစ်သာ ရှိထားပြီး ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့်မရသေးကြောင်း သိရသည်။
လီဗာပူးလ်အသင်းအား အရေးနိမ့်ခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင်လည်း အီစတယ်ဗိုကို အရန်ခုံတွင်သာ ထိုင်ခိုင်းထားခဲ့သည်။
အလွန်ဆိုက အီစတယ်ဗိုအနေဖြင့် အင်္ဂလိပ်ဘောလုံးနှင့်အသားကျရန် လိုအပ်နေသေးကြောင်း မှတ်ချက်ပြုခဲ့သည်။
အလွန်ဆိုလက်ထက် ချယ်လ်ဆီးတိုက်စစ်ပိုင်း၌ မော်ဂန်ရော်ဂျာစ်၊ ကိုးပါလ်မာနှင့် ဂျော်အိုပတ်ဒရိုတို့ကို အဓိကပွဲထွက်ကစားသမားအဖြစ် အသုံးပြုလျက်ရှိသည်။
ယင်းကစားသမားထဲမှ တစ်ဦးဦး မကစားနိုင်လျှင်လည်း အီစတယ်ဗိုထက် အခြားသူများကို အခွင့်အရေးပေးနေကြောင်း သိရသည်။

image