ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာ ၂ ရက်တွင် ကျင်းပမည်

ရှမ်းပြည်နယ်လွှတ်တော်၏ တတိယအကြိမ် အရေးပေါ်အစည်းအဝေး (၁/၂၀၂၆) ကို လာမည့် နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ် တော်က အောက်တိုဘာ ၂၈ ရက်‌နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ၊ ရှမ်းပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥ ပဒေများနှင့်အညီ တတိယအကြိမ် ရှမ်းပြ ည်နယ်လွှတ်တော် အရေးပေါ်အစည်း အဝေး (၁/၂၀၂၆) ကို ကျင်းပရန် သတ် မှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးကို ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက် နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

image