လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများနှင့် အစိုးရ၏ e-Government စနစ် အပြည့်အဝဖော်ဆောင်ရန် ဒုတိယသမ္မတဦးညိုစော တိုက်တွန်း

ခေတ်မီပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်အခြေခံအဆောက်အအုံများကို အခြေခံခိုင်မာအောင်တည် ဆောက်၍ အစိုးရ၏ e-Government စနစ်များကို အ ပြည့်အဝ ဒီဂျစ်တယ်အသွင်ပြောင်းလဲဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုက်ဘာလုံခြုံရေးဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးညိုစောက ပြောသည်။

ယနေ့ အောက်တိုဘာ ၃၀ ရက်နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ကျင်းပသည့် ဆိုက်ဘာလုံခြုံ ရေးဆိုင်ရာ ဗဟိုကော်မတီညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်၊

ဒုတိယသမ္မတက ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ ထိထိရောက်ရောက်အကောင်အထည် ဖော်နိုင်ရန် ကဏ္ဍအလိုက်၊ အပိုင်းလိုက်နှင့် အဆင့်လိုက် လမ်းပြမြေပုံများချမှတ်ကာ မဟာဗျူဟာမြောက်ဆောင်ရွက်လျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီဂျစ်တယ်စနစ်များကို အမျိုး သားဒေတာစင်တာစနစ်တစ်ခုတည်းဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ကြောင်းလည်းဆွေး နွေးပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် အမျိုးသားဆိုက်ဘာလုံခြုံရေးဥပဒေ၊ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေနှင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ဒေတာစီးဆင်းမှုလုံခြုံရေးမူဝါဒများကဲ့သို့ ဥပဒေ၊ မူဘောင်များထုတ်ပြန်ဆောင်ရွက်နေခြင်းကိုပုံစံယူ၍ ဆိုက်ဘာတိုက်ခိုက်မှုများကို ဆိုက်ဘာလုံခြုံရေးစောင့်ကြည့်ကွပ်ကဲရေးဗဟိုဌာနဖြင့် နိုင်ငံတ ကာနှင့် ရင်ဘောင်တန်းနိုင်မည့် ဆိုက်ဘာဝန်းကျင်တစ်ခု အတူတကွတည်ဆောက်ရန်လည်း ဒုတိယသမ္မတဦးညိုစောက ပြောကြားခဲ့သည်။

image