မွန်ပြည်နယ် နယ်လုံဝန်ကြီးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးရဲထွဋ်အား ခန့်အပ်တာဝန်ပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးရဲထွဋ်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂ဝ၂၆) (ပထမနေ့)တွင် ပြည်နယ်လွှတ်တော်၏သဘောတူညီမှုဖြင့် ၂ဝ၁၉ ခုနှစ်၊ မွန်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၅၂ အရ ခန့် အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်လုံဝန်ကြီးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးရဲထွဋ်အား ခန့်အပ်တာဝန်ပေးရန် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ အမည်စာရင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image