4 ရက် - ဘာသာပြန်ပါ။

အိန္ဒိယအထောက်အပံ့ဖြင့် ဆောင်ရွက်သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစီမံကိန်း ပြီးမြောက်

အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံ၏ အသေးစားဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Small Development Projects – SDP) အစီအစဉ်အောက်မှ အထောက်အပံ့ပေးခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က SDP အစီအစဉ်သည် ဒေသတွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကလည်း မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသည် ရပ်ရွာလူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ပေါင်းစည်းနိုင်သည်အထိ ဆောင်ရွက်ရသည့် ရေရှည်လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုစီမံကိန်းသည် အိန္ဒိယနိုင်ငံ၌ ဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးကင်းစင်ရေးလှုပ်ရှားမှုနှင့်လည်း ဆက်စပ်နေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

image