မန်ယူနိုက်တက်အသင်းတာဝန်ရှိသူများ၊ ကစားသမားများနှင့် လက်ခံရခက်သော အမှန်တရားများကို မျှဝေခဲ့ကြကြောင်း ကာရစ် ဖွင့်ဟ
မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က အသင်းတာဝန်ရှိသူများ၊ ကစားသမားများနှင့် လက်ခံရခက်သော အမှန်တရားများကို မျှဝေခဲ့ကြကြောင်း ဖွင့်ဟခဲ့သည်။
မန်ယူနိုက်တက်အသင်းသည် ယခုရာသီ ပြိုင်ပွဲစုံ ရှစ်ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ပရီးမီးယားလိဂ်တွင်လည်း တစ်ပွဲသာ အနိုင်ရထားခဲ့သည်။
ကိုမို၊ ဘုန်းမောက်အသင်းများအား ဂိုးပြတ်အရေးနိမ့်ပြီးနောက် ကာရစ်၏အနာဂတ်မှာလည်း လုံးဝမရေမရာ ဖြစ်လာခဲ့သည်။
သို့သော် ဝေဖန်မှုများမှာ ကာရစ်အပြင် ကစားသမားများ၊ အမှုဆောင်အရာရှိချုပ် အိုမာဘယ်ရာဒါနှင့် ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့တို့ကိုလည်း ပစ်မှတ်ထားခဲ့ကြသည်။
ကာရစ်က အသင်းပြဿနာများကို ဖြေရှင်းရန်အတွက် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။
''အခြေအနေက ရှင်းလင်းပါတယ်။ ကျွန်တော်နဲ့ ကစားသမားတွေကြား၊ ကျွန်တော်၊ ဂျေဆင်၊ အိုမာနဲ့ အသင်းပိုင်ရှင်တွေအကြား ဘယ်သူနဲ့ပဲပြောပြော အမြဲတမ်းချိုသာတဲ့ ဆွေးနွေးမှုတွေ ရှိနေမှာ မဟုတ်ပါဘူး။ ဒါဟာ အမှန်တရားပါပဲ။
တစ်ခါတလေမှာ လက်ခံရခက်တဲ့ အမှန်တရားဖြစ်ပေမဲ့ ကျွန်တော်တို့က ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်။ ရှေ့ဆက်သွားဖို့အတွက် လိုအပ်တဲ့ ဘယ်အရာမဆို လုပ်ဆောင်မှာပါ''ဟု ကာရစ်က ဖွင့်ဟခဲ့သည်။
မန်ယူနိုက်တက်အနေဖြင့် ၁၉၈၈-၈၉ ရာသီကတည်းက အဆိုးရွားဆုံး နိုင်ပွဲမရှိမှုနှင့် ၁၉၈၆-၈၇ ရာသီကတည်းက အဆိုးရွားဆုံး ရာသီအစရလဒ်နှင့် ရင်ဆိုင်ရလျက်ရှိသည်။