ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် မန်ယူနိုက်တက်ကစားသမားဟောင်း လေးဦး အမျိုးသားဘောလုံးအကယ်ဒမီသို့ သွားရောက်လည်ပတ်
Legendary Players Meet & Greet in Yangon အတွက် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် မန်ယူနိုက်တက်ကစားသမားဟောင်းများဖြစ်သော အီဗရာ၊ ဗလင်စီယာ၊ အန်ဒါဆန်နှင့် ဖာဘီယိုဆေးလ်ဗားတို့ လေးဦးသည် ယနေ့
နံနက်ပိုင်းတွင် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
မန်ယူနိုက်တက်ကစားသမားဟောင်းများသည် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)ရှိ လူငယ်ကစားသမားများကို သွားရောက်တွေ့ဆုံခဲ့သည်။
၎င်းတို့သည် အကယ်ဒမီနည်းပြများ၊ လူငယ်ကစားသမားများနှင့် တွေ့ဆုံနှုတ်ဆက်ခြင်း၊ အတွေ့အကြုံမျှဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် အကယ်ဒမီနည်းပြများ၊ လူငယ်ကစားသမားများနှင့် အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြသည်။
Legendary Players Meet & Greet in Yangon ၏ Day 2 အစီအစဉ်အဖြစ် မန်ယူနိုက်တက်ကစားသမားဟောင်း လေးဦးသည် ညနေ ၃ နာရီတွင် စတင်မည့် Meet The Legends & Watch Party ကို တက်ရောက်မည်ဖြစ်သည်။
ယင်းနောက် ယနေ့ည ရး၀၀ နာရီတွင် ယှဉ်ပြိုင်ကစားမည့် ချယ်လ်ဆီး-မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲကို မန်ယူနိုက်တက်ကစားသမားဟောင်းများက ပရိသတ်များနှင့် အတူကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။