1 ပတ် - ဘာသာပြန်ပါ။

အာဆင်နယ်လူငယ်ကြယ်ပွင့် ဒေါင်းမန်း (၃)ပွဲပယ် ပြစ်ဒဏ်ကျခံရမည်

ဖလိဝုဒ်နှင့်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရသည့် အသက်(၁၆)နှစ်အရွယ် အာဆင်နယ်တောင်ပံကစား ဒေါင်းမန်း (၃)ပွဲပယ်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ယင်းပွဲတွင် ဒေါင်းမန်းသည် ဖလိဝုဒ်ကွင်းလယ်လူ ဟာရီဆင်နေးလ်၏ ဖျက်ထုတ်မှုကို ပြန်လည်တုံ့ပြန်ခဲ့ပြီး တိုက်ရိုက်အနီကတ်ပြသခံခဲ့ရခြင်းဖြစ်သည်။

သူ့အနေဖြင့် အင်္ဂလန် ယူ-၁၉ အသင်းအတွက် ယှဉ်ပြိုင်ကစားခဲ့စဉ်ကလည်း အနီကတ်ပြသခံခဲ့ရပြီး ယခုလအတွင်း ဒုတိယမြောက်အနီကတ်ကို ထပ်မံပြသခံခဲ့ရသည်။

ထို့အပြင် အာဆင်နယ်အသင်းအနေဖြင့် ဒေါင်းမန်းအတွက် အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရကြောင်း သိရသည်။

တောင်ပံကစားသမားများဖြစ်သည့် ဇိုးလစ်နှင့် ဆာကာတို့မှာ ဒဏ်ရာပြဿနာများကြောင့်အနားယူနေရပြီး ဒေါင်းမန်း၏ ပွဲပယ်ပြစ်ဒဏ်ကျခံရမည့်သတင်းမှာလည်း အာဆင်နယ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သည်။

image