1 ပတ် - ဘာသာပြန်ပါ။

လာမည့် ဇန်နဝါရီတွင် မန်ယူနိုက်တက်နောက်ခံလူ ယိုရို အေစီမီလန်သို့ ပြောင်းမည်ဟု သတင်းထွက်

လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း မန်ယူနိုက်တက်နောက်ခံလူ ယိုရိုအနေဖြင့် အေစီမီလန်အသင်းထံ ပြောင်းရွှေ့မည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။

ယိုရိုသည် ယခုရာသီ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲသာ ကစားခွင့်ရခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကစားခဲ့သည့် ဘုန်းမောက်နှင့်ပွဲစဉ်တွင်လည်း အမှားအယွင်းများခဲ့သည်။

ထို့ကြောင့် အင်္ဂလန်မြေတွင် ရုန်းကန်နေရသည့်သူ့ကို မန်ယူနိုက်တက်နည်းပြဟောင်း အာမော်ရင်မ်ကိုင်တွင်နေသည့် အေစီမီလန်အသင်းက ကြိုးပမ်းလာခြင်းဖြစ်သည်။

ယိုရိုအနေဖြင့်လည်း ပွဲကစားခွင့်ပိုမိုရရှိရန်အတွက် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ရန်စီစဉ်နေကြောင်း အီတလီမီဒီယာတချို့က ဖော်ပြခဲ့ကြသည်။

အေစီမီလန်အသင်းသည် ယိုရိုကို အငှားခေါ်ယူမည်ဖြစ်ပြီး အပြီးသတ်ခေါ်ယူပါက ၎င်း၏တန်ကြေးမှာ ပေါင်သန်း (၄၀)ဝန်းကျင်ရှိမည်ဖြစ်ကြောင်း သိရသည်။

image