6 ရက် - ဘာသာပြန်ပါ။

ချယ်လ်ဆီးနှင့်ပွဲကို ကာရစ် ဆက်လက်ကိုင်တွယ်မည်

မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်သည် ယခုအပတ် ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ်ပွဲကို ဆက်လက်ကိုင်တွယ်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူနိုက်တက်အသင်းသည် ကာရစ်(၄၅ နှစ်)ကို လက်ရှိအခြေအနေဆိုးကို ပြောင်းလဲနိုင်ရန်အတွက် အခွင့်အရေးပေးခဲ့ခြင်းဖြစ်ကြောင်း BBC Sport က ရေးသားခဲ့သည်။

ကာရစ်သည် ယနေ့ပြုလုပ်သည့် အသင်းလေ့ကျင့်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း သိရသည်။

BBC Sport သတင်းရင်းမြစ်တွေက ကာရစ်သည် ချယ်လ်ဆီးနှင့်ပွဲကို ကိုင်တွယ်ခွင့်ရရုံသာမက လက်ရှိ အသင်းကံကြမ္မာကို ပြောင်းလဲရန် အခွင့်အရေးတစ်ခု ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မန်ယူနိုက်တက်အသင်းသည် ဘုန်းမောက်အား ဂိုးပြတ်ရှုံးနိမ့်အပြီး နည်းပြ ကာရစ်၏နာမည်ကို သံပြိုင်အော်ပြီး ထောက်ခံခဲ့ကြသည်။

သို့သော် မန်ယူနိုက်တက်ကစားသမားများကိုမူ အသင်းပရိသတ်များက လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့်တနင်္လာနေ့တွင် အသင်းလေ့ကျင့်ရေးအစီအစဉ် ရပ်နားထားသော်လည်း ကာရစ်သည် ကာရင်တန်သို့ ရောက်ရှိလာပြီး အသင်းတာဝန်ရှိသူများနှင့် အနာဂတ်အတွက် ဆွေးနွေးခဲ့ကြသည်။

မန်ယူနိုက်တက်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ရှစ်ပွဲတွင် တစ်ပွဲသာ အနိုင်ရထားပြီး တန်းဆင်းဇုန်နှင့် တစ်မှတ်သာ ကွာဟနေသည်။

ထို့ပြင် မန်ယူနိုက်တက်အနေဖြင့် ပြိုင်ပွဲစုံ ရှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားကြောင်း သိရသည်။

image