7 ရက် - ဘာသာပြန်ပါ။

မန်ယူဂန္ထဝင် ကစားသမားများဖြစ်သည့် ရိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် မြန်မာနိုင်ငံသို့ လာရောက်တော့မည်မဟုတ်ဘဲ ဗလင်စီယာနှင့် ဖာဘီယိုဒါဆေးဗား အစားထိုး လာရောက်မည်

မန်ယူဂန္ထဝင် ကစားသမားများဖြစ်သည့် ရိုင်ယန်ဂစ်နှင့် ဘာဘာတော့ပ် မြန်မာနိုင်ငံသို့ လာရောက်တော့မည်မဟုတ်ဘဲ ဗလင်စီယာနှင့် ဖာဘီယိုဒါဆေးဗား အစားထိုး လာရောက်မည်ဖြစ်ကြောင်း 𝐋𝐄𝐆𝐄𝐍𝐃𝐀𝐑𝐘 𝐏𝐋𝐀𝐘𝐄𝐑𝐒 𝐌𝐄𝐄𝐓 & 𝐆𝐑𝐄𝐄𝐓 𝐈𝐍 𝐘𝐀𝐍𝐆𝐎𝐍 က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာသည်။

မူလက ဂန္ထဝင်ကစားသမားများဖြစ်သည့် ရိုင်ယန်ဂစ်၊ ဘာဘာတော့ပ်၊ အန်ဒါဆန်နှင့် အီဗရာတို့ လာရောက်မည်ဖြစ်သော်လည်း ဘာဘာတော့ပ်နှင့် ရိုင်ယန်ဂစ်မှာ မလာဖြစ်တော့ခြင်းဖြစ်သည်။

" မူလအစီအစဉ်အရ 𝐋𝐄𝐆𝐄𝐍𝐃𝐀𝐑𝐘 𝐏𝐋𝐀𝐘𝐄𝐑𝐒 𝐌𝐄𝐄𝐓 & 𝐆𝐑𝐄𝐄𝐓 𝐈𝐍 𝐘𝐀𝐍𝐆𝐎𝐍 ကိုလာရောက်ဖို့ စီစဉ်ထားတဲ့ Ryan Giggs နဲ့ Dimitar Berbatov တို့ဟာ Urgent Media Duty အစီအစဉ်တွေကြောင့် ယခုတစ်ကြိမ် ရန်ကုန်မြို့ကို လာရောက်နိုင်ခြင်းမရှိတော့ဘဲ ပါဝင်မှုကိုရွှေ့ဆိုင်းလိုက်ရပါတယ်ခင်ဗျာ" ဟု 𝐋egendary Players Meet & Greet in Yangon က ထုတ်ပြန်သည်။

၎င်းတို့အစား အသင်းခေါင်းဆောင်ဟောင်း ဗလင်စွယာနှင့် ဘယ်နောက်ခံလူဟောင်း ဖာဘီယို ဒါဆေးလ်ဗားတို့က အစားထိုးလာရောက်မည်ဖြစ်ကြောင်း သိရသည်။

" Manchester United ရဲ့ အသင်းခေါင်းဆောင်ဟောင်း၊ ကွင်းအတွင်း အားမာန်အပြည့်နဲ့ ကစားခဲ့တဲ့ 𝐀𝐍𝐓𝐎𝐍𝐈𝐎 𝐕𝐀𝐋𝐄𝐍𝐂𝐈𝐀 နဲ့ Manchester United ရဲ့ ဂန္ထဝင်ကစားသမားဟောင်း၊ ဘယ်နောက်ခံလူ 𝐅𝐀𝐁𝐈𝐎 𝐃𝐀 𝐒𝐈𝐋𝐕𝐀 တို့အနေနဲ့ ရန်ကုန်မြို့ကို လာရောက်ပြီး ပရိသတ်တွေနဲ့အတူ ဒီအမှတ်တရအခိုက်အတန့်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်" ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။

ကစားသမားဟောင်းများမှာ အောက်တိုဘာ ၃၀ ရက်နှင့် နိုဝင်ဘာ ၁ ရက်တို့တွင် ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ပရိတ်သတ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး လက်မှတ်များမှာ အနည်းဆုံး ကျပ်တစ်သိန်းမှ စတင်ကာ အများဆုံးကျပ်သုံးသိန်းဖြစ်ကြောင်း သိရသည်။

image