1 ပတ် - ဘာသာပြန်ပါ။

မန်ယူနိုက်တက်နည်းပြရာထူးအတွက် ဟယ်ဇယ်လာ စိတ်မဝင်စား

ဘရိုက်တန်အသင်းနည်းပြ ဟယ်ဇယ်လာသည် မန်ယူနိုက်တက်နည်းပြရာထူးအတွက် ရေပန်းစားနေသော်လည်း ၎င်းအနေဖြင့် စိတ်ဝင်စားခြင်းမရှိကြောင်းသိရသည်။
ဟယ်ဇယ်လာသည် ယခုရာသီတွင် ဘရိုက်တန်အသင်းအတွက် ရလဒ်ကောင်းများရယူပေးနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၃)နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားသည်။
ထို့ကြောင့် ၎င်းအား နည်းပြကာရစ်နေရာအစားထိုးရန်အတွက် မန်ယူနိုက်တက်အသင်းကပစ်မှတ်ထားနေခြင်းဖြစ်သည်။
သို့သော် ဟယ်ဇယ်လာအနေဖြင့် ဘရိုက်တန်အသင်းအတွက်သာ အာရုံစိုက်ထားပြီး မည်သည့်ကိစ္စကိုမျှ စဉ်းစားမည်မဟုတ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဟယ်ဇယ်လာသည် ဘရိုက်တန်အသင်းနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်လျော်ကြေးတန်ဖိုးမှာ ပေါင်သန်း (၂၀)ဝန်းကျင်ရှိကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် ဟယ်ဇယ်လာအပြင် ကွန်တီ၊ အက်ဒီဟောင်း၊ နာဂယ်လ်စမန်းတို့ကိုလည်း ပစ်မှတ်ထားနေကြောင်း သတင်းများထွက်ပေါ်နေသည်။

image