မြန်မာ့လက်မှုအနုပညာစင်တာတွင် ပြခန်းများ တိုးချဲ့တည်ဆောက်သွားမည်

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မြန်မာ့လက်မှုအနုပညာစင်တာတွင် ပြခန်းများ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ခန်းတိုးချဲ့တည်ဆောက်မည့်မြေနေရာကိုလည်း ယမန်နေ့က သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့အတူ ချမ်းမြသာစည်မြို့နယ် ရတနာပူရ မြန်မာ့လက်မှုနှင့် အနုပညာဗိမာန်၌ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာပန်း (၁၀)မျိုး လက်မှုပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ပန်း (၁၀)မျိုး ပညာရပ်များ မတိမ်ကောမပပျောက်စေရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့နှင့်ပတ်သက်ပြီး ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် အမရပူမြို့နယ် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၌ မန္တလေးတိုင်းဒေသကြီး အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်းက ကျင်းပသည့် ရက်ကန်းထုတ်ကုန် ချည်ထည်ပြပွဲနှင့် TIAM ဈေးရောင်းပွဲတော် (၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြားပြီး ခင်းကျင်းပြသထားသော အထည်အလိပ် ရက်ကန်းထည်အရောင်းဆိုင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

image