5 ရက် - ဘာသာပြန်ပါ။

ကစားသမားဘဝမှ အနားမယူမီ လာလီဂါတွင် ယှဉ်ပြိုင်ကစားလိုသည်ဟု ရာယာ ထုတ်ဖော်ပြောကြား

အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ကစားသမားဘဝမှ အနားမယူမီ လာလီဂါတွင် ယှဉ်ပြိုင်ကစားလိုသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ရာယာသည် စပိန်လက်ရွေးစင်ဂိုးသမားဖြစ်သော်လည်း လာလီဂါတွင် ယှဉ်ပြိုင်ကစားဖူးခြင်းမရှိဘဲ လူငယ်ကစားသမားဘဝကတည်းက အင်္ဂလန်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရာယာ(၃၁ နှစ်)သည် လက်ရှိအချိန်၌ အာဆင်နယ်အသင်း၏ နံပါတ်(၁)ဂိုးသမားအဖြစ် လက်စွမ်းပြရပ်တည်နေပြီး လက်ရှိစာချုပ်မှာမူ ၂၀၂၈ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
စပိန်သတင်းစာ Marca က ရာယာအား လာလီဂါတွင် ကစားလိုသလားဟု မေးမြန်းခဲ့ရာ ၎င်းက ကစားလိုကြောင်း ဝန်ခံခဲ့ခြင်းလည်းဖြစ်သည်။
''ကျွန်တော် ကစားချင်ပါတယ်။ လာလီဂါမှာ စမ်းသပ်ကြည့်ချင်ပါတယ်။ အခု ဒီမှာ(အာဆင်နယ်အသင်းမှာ) ပျော်ရွှင်နေပေမဲ့ စပိန်လိဂ်ရဲ့အတွေ့အကြုံကို သေချာပေါက်ရရှိချင်ပါတယ်။ အဲဒါက အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့လိဂ်လို့ ထင်ပါတယ်။ အနာဂတ်မှာ စပိန်ကလပ်တစ်သင်းအတွက် ကျွန်တော် ကစားနိုင်ပါတယ်။ ကျွန်တော်က စပိန်လူမျိုးပါ။ အဲဒီမှာ ကစားချင်တာ သေချာပါတယ်'' ဟု ရာယာက ပြောကြားခဲ့သည်။
ရာယာက ၂၀၂၃ နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ဆက်ကစားလိုသောကြောင့် အာဆင်နယ်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်းလည်း ဖွင့်ဟပြောကြားခဲ့သည်။

image