မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကတတ်နိုင်သည့်ဘက်မှကူညီကြိုပမ်းဆောင်ရွက်ပေးသွားမည်
မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကတတ်နိုင်သည့်ဘက်မှကူညီကြိုပမ်းဆောင်ရွက်ပေးသွားမည့်အခြေအနေများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA တို့ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်သမ္မတထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌက ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအနေဖြင့် တတ်နိုင်သည့်ဘက်မှကူညီကြိုးပမ်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်များမြှင့်တင်ရေးအတွက် နိပွန်ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေ အနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။