နိုဝင်ဘာ ၈ ရက်သည် ဒီပါဝလီနေ့ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်
လာမည့် နိုဝင်ဘာ ၈ ရက်(တနင်္ဂနွေနေ့)သည် "ဒီပါဝလီနေ့"ဖြစ်၍ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁၃၈/၂၀၂၆ ဖြင့်ကြေညာခဲ့သည်။
ထို့ကြောင့် "ဒီပါဝလီနေ့"သည် မြန်မာနိုင်ငံအတွင်းရှိ ရုံးများ၏ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အ လုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာခဲ့သည်။