ရပ်ရှ်ဖို့ဒ်၊ မာတီနက်ဇ်တို့ မန်ယူနိုက်တက်အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်
မန်ယူနိုက်တက်ကစားသမားများဖြစ်သည့် ရပ်ရှ်ဖို့ဒ်နှင့် လီဆန်ဒရိုမာတီနက်ဇ်တို့ အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းသည် ဗုဒ္ဓဟူးနေ့တွင် ကိုမိုအသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲ ကစားရမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဒဏ်ရာပြဿနာများကြောင့် အသင်းနှင့်အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
မာတီနက်ဇ်သည် အသင်းတာဝန်ရှိသူများကို ဝေဖန်ခဲ့သော်လည်း ပြန်လည်တောင်းပန်သောကြောင့် လိဒ်စ်နှင့်ပွဲတွင် ပွဲထွက်ကစားခွင့် ရရှိခဲ့သည်။
သို့သော် ပထမပိုင်းအပြီးမှာပဲ ဒဏ်ရာပြဿနာကြောင့် မာဇရာဝီနှင့် လူစားလဲခဲ့ရသည်။
ရပ်ရှ်ဖို့ဒ်မှာမူ ယင်းပွဲတွင် ပွဲကစားခွင့်မရဘဲ အရန်ခုံတွင်သာ ထိုင်ခဲ့ရကြောင်း သိရသည်။
မန်ယူနိုက်တက်အသင်းတွင် ၎င်းတို့နှစ်ဦးအပြင် ဟဲဗန်း၊ လုခ်ရှော၊ မိန်နူး၊ ရှက်ရှကို၊ ဒေါ်ဂူနှင့် အူဂါတေတို့လည်း လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ကြောင်း သိရသည်။