1 ရက် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၏ သီတင်းကျွတ် ဂါရဝပြုအခမ်းအနား ပြုလုပ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ သီတင်းကျွတ် ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းက MFF Futsal Indoor Stadium မှာ ပြုလုပ်ခဲ့သည်။

အသက် (၇၀) နှစ်နှင့်အထက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းများ၊ အထွေထွေအတွင်းရေးမှူးဟောင်းများ၊ ဒိုင်လူကြီးဟောင်းများနှင့် လက်ရွေးစင် ကစားသမားဟောင်းကြီး ၁၂၈ ဦးအား တစ်ဦးလျှင် သုံးသိန်းကျပ်နဲ့ အခြားကန်တော့ခံပစ္စည်းများနှင့် ကန်တော့ခဲ့ကြောင်း သိရသည်။

သီတင်းကျွတ် ဂါရဝပြု ကန်တော့ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဝါရင့်မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ လက်ရွေးစင်အသင်းများမှ ကစားသမားများ တက်ရောက်ခဲ့သည်။

image