ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဖွင့်(၇)ပွဲဆက်အနိုင်ရသည့် ပထမဆုံးနည်းပြအဖြစ် မာရက်စ်ကာမှတ်တမ်းဝင်
မန်စီးတီးအသင်း၏ အီတလီနိုင်ငံသားနည်းပြ မာရက်စ်ကာသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဖွင့်(၇)ပွဲဆက်အနိုင်ရသည့် ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးနည်းပြနေရာ အစားဝင်လာသည့် မာရက်စ်ကာသည် ပထမဆုံးရာသီမှာပင် ယင်းကဲ့သို့ စံချိန်မှတ်တမ်းကောင်းကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
မာရက်စ်ကာသည် ၂၀၂၂-၂၃ ရာသီအတွင်း မန်စီးတီးအသင်း၌ ဂွါဒီယိုလာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် လက်စတာ၊ ချယ်လ်ဆီး အစရှိသည့်အသင်းများကို ကိုင်တွယ်ခဲ့သည်။
ထို့နောက် မန်စီးတီးအသင်းကို နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး အချိန်တိုအတွင်း အသင်းပရိသတ်များ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။
မာရက်စ်ကာသည် လက်ရှိအချိန်တွင် မည်သည့်အကြောင်းအရာများကိုမှ စဉ်းစားမည်မဟုတ်ဘဲ မန်စီးတီးအသင်းနှင့်အတူ အောင်မြင်မှုများရယူရန်သာကြိုးစားသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။