နောင်တွင် နိုင်ငံတော်၏လိုအပ်ချက်ပေါ်မူတည်၍ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့၌ ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်မည်

နောင်တွင် နိုင်ငံတော်၏လိုအပ်ချက်ပေါ်မူတည်၍ မွန် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက် တာတင်ထွန်း ကပြောသည်။
အောက်တိုဘာ ၁၄ ရက်ကကျင်းပသည့် တတိယအ ကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့တွင် ရေးမဲဆန္ဒနယ်မှဒေါ်မြင့်သန်း ၏ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင်လိုအပ်နေသော ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးနိုင်ပါရန်အစီအစဉ် ရှိ/မရှိ မေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်း/ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအား ဆေးတက္ကသိုလ်ခွဲဝေနေရာချ ထားရာတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းတို့သည် မြန်မာနိုင်ငံအောက်ပိုင်းရှိ တိုင်း/ပြည် နယ်များရှိ စာစစ်ဌာနများမှအောင်မြင်သော ကျောင်း သား/သူများအား သွားလာရေးအဆင်ပြေလွယ်ကူစေရန်နှင့် ပညာသင်ယူမှုအဆင်ပြေစေရန်အတွက် မြန်မာ နိုင်ငံအောက်ပိုင်းရှိ ဆေးတက္ကသိုလ်(၁)ရန်ကုန်နှင့် ဆေးတက္ကသိုလ်(၂)ရန်ကုန်တို့သို့ခွဲဝေနေရာချထားတက်ရောက်စေခဲ့သည်ဟု ပြောသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူဦးရေအနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ကရင်ပြည်နယ်မှ (၅)ဦး၊ မွန်ပြည်နယ်မှ (၄၉)ဦး၊ တနင်္သာရီတိုင်းမှ (၇)ဦးသာရှိ၍ ယင်း ဒေသကြီး(၃)ခုတွင် ဆေးတက္ကသိုလ်တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးဘဲ နောင်တွင် နိုင်ငံတော်၏ လိုအပ်ချက်ပေါ်မူတည်ပြီး စီစဉ်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

image