7 ရက် - ဘာသာပြန်ပါ။

NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား နေပြည်တော်မှာ ကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းက Horizon Lake View Resort Hotel မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့(From Peace, Social Cohesion to Development) ဆောင်ပုဒ်နဲ့ " ငြိမ်းချမ်းသောမြန်မာ့အနာဂတ် တည်ဆောက်ခြင်း" အလုပ်ရုံဆွေးနွေးပွဲကိုလည်း စက်တင်ဘာလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီက ဦးစီးပြီး ထည့်သွင်းကျင်းပပြီး ဆွေးနွေးပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ (၁၁) နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်နိုင်မှုတွေ၊ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ၊ ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်က ရရှိခဲ့တဲ့ အတွေ့အကြုံနဲ့ အမြင်တွေကိုမျှဝေပြီးအနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်ခြင်း လုပ်ငန်းစဉ်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ ဒေသတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းရေးကော်မတီဝင်(NSPNC)၊ အကြံပေးအဖွဲ့ဝင်(NSPNC)၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ JMC ကိုယ်စားလှယ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ဆောင်ရွက်သူတွေ၊ အခြားဖိတ်ကြားသင့်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စား လှယ်တွေအပြင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေက ညွှန်ကြားရေးမှူးချုပ်တွေနဲ့ မီဒီယာအဖွဲ့အသီးသီးက အယ်ဒီတာချုပ်တွေအပါအဝင် ဖိတ်ကြားထားသူ ၁၈၀ ကျော် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို သမိုင်းဝင်စာချုပ်အဖြစ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရနဲ့တိုင်းရင်း သားလက်နက် ကိုင် အဖွဲ့ (၈) ဖွဲ့ဖြစ်တဲ့ (ALP, ABSDF, CNF, DKBA, KNU, KNU/KNLA-PC, PNLO, RCSS) တို့က စတင်လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ NMSP နဲ့ LDU တို့က ထပ်မံလက်မှတ်ရေးထိုးခဲ့တာကြောင့် စုစုပေါင်း (၁၀) ဖွဲ့ရှိခဲ့ပြီး ဒီကနေ့မှာတော့ CNF, PNLO,ABSDF,KNU အဖွဲ့တို့က ဒီကနေ့ကျင်းပတဲ့ NCA ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

image