7 ရက် - ဘာသာပြန်ပါ။

M League-2 ပြိုင်ပွဲ ပွဲစဥ် (၁) ဒီနေ့စမယ်

၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲ ပွဲစဥ် (၁) ကို ဒီနေ့ (အောက်တိုဘာ ၁၅) စတင်ကျင်းပမှာဖြစ်ပါတယ်။
ပွဲစဥ် (၁) အဖြစ် ဒီနေ့ YUSC ကွင်းမှာ Asian Lion အသင်းနဲ့ ရာမညယူနိုက်တက်အသင်း၊ တက္ကသိုလ်ကွင်းမှာ တက္ကသိုလ်အသင်းနဲ့ Elite Kings အသင်း၊ ပဒုမ္မာကွင်းမှာ မနောအသင်းနဲ့ VUE နေပြည်တော်အသင်း၊ အောက်တိုဘာ (၁၆) ရက်၊ တက္ကသိုလ်ကွင်းမှာ Enjoy Brother အသင်းနဲ့ Royal Dagon အသင်း၊ အောက်တိုဘာ (၁၇) ရက်၊ တက္ကသိုလ်ကွင်းမှာ ရခိုင်ယူနိုက်တက်အသင်းနဲ့ Junior Lions အသင်းတို့ ယှဥ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
ပွဲစဥ်အားလုံးကို နေ့လယ် (၃) နာရီခွဲ အချိန်များမှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အသင်း (၁၀) သင်းဖြင့် ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကိုစက်တင်ဘာ (၁၉) ရက်က စတင်ကျင်းပရန် လျာထားခဲ့သော်လည်း အသင်းအရေအတွက် ပိုမိုတိုးလာရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ရပြီး MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်းတို့မှာ MNL သို့ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းနဲ့ YUSC ကွင်းတို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။
M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲမှ တန်းဆင်းလာတဲ့ ရခိုင်ယူ နိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်း အပါအဝင် တက္ကသိုလ်အသင်း၊ မနောအသင်း၊ Royal Dagon၊ Enjoy Brother၊ VUE နေပြည်တော်၊ Elite Kings၊ Asian Lion၊ Junior Lions အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ယင်းအသင်းများထဲတွင် Enjoy Brother၊ Elite Kings၊ Asian Lion၊များမှာ ပြီးခဲ့တဲ့ ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဝင် အသင်းများဖြစ်ကြောင်း သိရပါတယ်။
၂၀၂၆ M League-2 တန်းတက် ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026)
ဗိုလ်လုပွဲတွင် Enjoy Brother အသင်းက Happy Friendship အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားခဲ့ကြောင်း သိရပါတယ်။

image