ပရီးမီးယားလိဂ် ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြရေပန်းစားမှုမှာ ကာရစ် ထိပ်ဆုံးရောက်လာ
မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်ဟာ ပရီးမီးယားလိဂ် ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြရေပန်းစားမှုမှာ ထိပ်ဆုံးရောက်လာခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်သတင်းစာ The Sun က Betfairရဲ့အလေးပေးချက်ကို ကိုးကားပြီး ဖော်ပြခဲ့တာဖြစ်တယ်။
စပါးအသင်းနဲ့ တစ်ဂိုးစီသရေကျပြီးနောက် ကာရစ်က ၂း၁ လေးနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။
ကာရစ်နောက်မှာ စပါးအသင်းနည်းပြ ဒီဇယ်ဘီက ၅း၂ လေး၊ ဖူလ်ဟမ်အသင်းနည်းပြ အာဘီလိုအာက ၅း၂ လေး၊ ပဲလေ့စ်အသင်းနည်းပြ ပီယာရေးဆာဂျီက ၆း၁ လေး၊ နော်တင်ဟမ်အသင်းနည်းပြ ဂလက်စနာက ရး၁ လေးနဲ့
အသီးသီးရှိနေပါတယ်။
ဒါပေမဲ့ လောင်းကစားဝက်ဘ်ဆိုက်အတော်များများမှာတော့ အာဘီလိုအာကို နံပါတ်တစ်နေရာ ပေးထားပြီး ကာရစ်က နံပါတ်နှစ်နေရာမှာပဲ ရပ်တည်နေတာဖြစ်တယ်။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရာသီအစ ခြောက်ပွဲကစားအပြီး ခြောက်မှတ်သာရထားကာ နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ပိုင်းနဲ့ ရင်ဆိုင်နေရပါတယ်။