ကလေးပရိသတ်တွေကို သိသိသာသာ လျစ်လျူရှုမှုအတွက် ကိုးလ်ပါလ်မာ ဝေဖန်ခံရ
ချယ်လ်ဆီးတိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ အသင်းရဲ့ကလေးပရိသတ်တွေကို သိသိသာသာ လျစ်လျူရှုမှုအတွက် ဝေဖန်ခံခဲ့ရပါတယ်။
ဒီဖြစ်စဉ်ဟာ ချယ်လ်ဆီး ၅-၁ ဘုန်းမောက်ပွဲအပြီး စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအပြင်မှာ ဖြစ်ခဲ့တာပါ။
လူမှုကွန်ရက်မှာ ပေါ်ထွက်လာတဲ့ ဗီဒိယိုဖိုင်အရ ကလေးငယ်တချို့ဟာ ကိုးလ်ပါလ်မာနဲ့ selfie ရိုက်ဖို့ လိုက်လံတောင်းဆိုခဲ့တာဖြစ်တယ်။
ဒါပေမဲ့ ပါလ်မာ(၂၄ နှစ်)နဲ့ သူ့ရဲ့ချစ်သူ အိုလီဗီယာဟိုလ်ဒါတို့ဟာ တောင်းဆိုချက်ကို လျစ်လျူရှူပြီး ထွက်ခွာသွားခဲ့ပါတယ်။
ပါလ်မာရဲ့အပြုအမူအပေါ် လူမှုကွန်ရက်မှာ ဝေဖန်မှုများစွာလည်း ထွက်ပေါ်ခဲ့ပါတယ်။
ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာကနေ ပါလ်မာအပေါ် စိတ်ပျက်မိမှုကို ဖော်ပြခဲ့ပါတယ်။
ပါလ်မာဟာ ဘုန်းမောက်နဲ့ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ချယ်လ်ဆီးနဲ့ တစ်နှစ်သက်တမ်းတိုးပြီး ၂၀၃၄ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။