မန်ယူနိုက်တက်ကစားသမားတွေအနေနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ကာရစ် ယုံကြည်
မန်ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က အသင်းကစားသမားတွေအနေနဲ့ လက်ရှိအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။
၎င်းက လက်ရှိမှာ အသင်းဟာ စိန်ခေါ်မှုများပြီး ပိုမိုခက်ခဲရှုပ်ထွေးတဲ့ ကာလတစ်ခုအလယ်မှာ ရောက်ရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ အခုရာသီ ပြိုင်ပွဲစုံ ရှစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားတာဖြစ်တယ်။
ပြီးခဲ့တဲ့လက မန်စီးတီး၊ ဘရိုက်တန်အသင်းတွေကို ဆက်တိုက်အရေးနိမ့်ပြီးနောက် ဖူလ်ဟမ်၊ စပါးတို့နဲ့လည်း နှစ်ပွဲဆက် သရေကျခဲ့ပါတယ်။
ဒါ့အပြင် ကာရစ်က အခုရာသီသစ်မှာ အသင်းကို များစွာမျှော်လင့်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မန်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြောက်ပွဲကစား တစ်ပွဲသာ အနိုင်ရထားပြီး အဆင့် ၁၃ နေရာ ရောက်နေပါတယ်။