ထားဝယ်မြို့ရှိလမ်းများကို စနစ်တကျတိုးချဲ့ဖောက် လုပ်ရန် နိုင်ငံတော်သမ္မတ မှာကြား

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ရှိ လမ်းများကို စနစ်တ ကျတိုးချဲ့ဖောက်လုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ အောက်တိုဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် ထားဝယ်မြို့တွင်းအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးမှုနှင့် ကမ်းနားလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ထားမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ထားဝယ်မြို့၊ ကမ်းနားလမ်းအား (၂)လမ်းသွားမှ (၄)လမ်းသွားလမ်းမကြီးအဖြစ် ယာဉ်များလမ်းဘေးချရပ်နိုင်သည့် ယာဉ်ချရပ်များ၊ ဆိုင်ကယ်စီးနင်းသွားလာနိုင်သည့် လမ်းများအပါအဝင် တိုးချဲ့ဆောင် ရွက်ရန်၊ ထားဝယ်မြို့တွင်းလမ်းများအား အဆင့်မြှင့်တင်ရာတွင် နောင်အနာဂတ်ကာလတွင်ဖြစ်ပေါ်လာနိုင်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များပိုမိုများပြားလာနိုင်မှုအပေါ် မူတည်တွက်ချက်၍ လမ်းများကိုစနစ်တကျတိုးချဲ့ဖောက်လုပ်ရန် မှာကြားသည်။
ထို့ပြင် လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေစီးရေလာများကောင်းမွန်နေစေရေး ရေ နုတ်မြောင်းများ စနစ်တကျဖောက်လုပ်ရန်၊ ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရေးအမြဲမပြတ်ဖယ်ရှားရှင်းလင်းရန်၊ လမ်းဘေးဝဲ/ယာတစ်လျှောက် လမ်းမီးတိုင်များစနစ်တကျတပ်ဆင်ထားရှိရန်၊ ရာသီဥတုဒဏ်ခံနိုင်သည့် အရိပ်ရလေကာပင်များ စိုက်ပျိုးရန် နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။

image