7 ရက် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အွန်လိုင်းမှာ အာဂျင်တီးနားအသင်း ပစ်မှတ်ထားအခံရဆုံးဖြစ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အာဂျင်တီးနားအသင်းဟာ လူမှုကွန်ရက်မှာ ပစ်မှတ်ထားအခံရဆုံးအသင်းဖြစ်ခဲ့တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က
ထုတ်ပြန်ခဲ့ပါတယ်။
ပြိုင်ပွဲအတွင်း အသင်းတွေကို ဦးတည်တဲ့ အွန်လိုင်းတိုက်ခိုက်မှု အများဆုံးစာရင်းမှာ ဒိုင်လူကြီး အလေးပေးမှု၊ လာဘ်ပေး လာဘ်ယူမှု၊ နိုင်ငံခြားသားများကို မုန်းတီးရွံရှာမှုများ
အဓိကပါဝင်ခဲ့ပါတယ်။
FIFA ရဲ့ Social Media Protection Service (SMPS) အဖွဲ့အစည်းဟာ လူမှုကွန်ရက်တွေဖြစ်တဲ့ X၊ Facebook၊ Instagram နဲ့ TitTok တို့မှာ ဇွန်လ ၉ ရက်ကနေ ဇူလိုင်လ ၂၀ ရက်အတွင်း Post နဲ့ Comment ပေါင်း ၁၇ ဒသမ ၁ သန်းကို လေ့လာသုံးသပ်ခဲ့တာဖြစ်တယ်။
လူကိုယ်တိုင်စစ်ဆေးမှု ၄၇၇၀၀၀ မှာ ၂၄၀၀၀၀ ခုမှာ အွန်လိုင်းတိုက်ခိုက်မှုဖြစ်ကြောင်း FIFA က သတ်မှတ်ခဲ့ပါတယ်။
ယင်းစစ်တမ်းမှာ အာဂျင်တီးနားအသင်းပြီးနောက် အင်္ဂလန်အသင်းက ဒုတိယအများဆုံးဖြစ်နေခဲ့ပြီး စပိန်၊ ဘရာဇီးလ်နဲ့ နော်ဝေအသင်းတို့က အဲဒီနောက်မှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
ပြိုင်ပွဲကာလအတွင်း အွန်လိုင်းတိုက်ခိုက်မှုတွေဟာ ကစားသမား များ၊ နည်းပြများ၊ အသင်းတာဝန်ရှိသူများနဲ့ ဒိုင်လူကြီးများကို အဓိကဦးတည်ခဲ့ကြောင်း FIFA က
ဖော်ပြခဲ့ပါတယ်။
အာဂျင်တီးနားအသင်းကို တိုက်ခိုက်မှုမှာ ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံအသင်းအနေနဲ့ ဒိုင်လူကြီးများ၊ FIFA နဲ့ VAR စနစ်ရဲ့ အလေးပေးမှုကို ရရှိခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။
ကစား သမားတစ်ဦးချင်းအလိုက် အွန်လိုင်းတိုက်ခိုက်ခံရမှု အမြင့်ဆုံးအဖြစ် ပြင်သစ်ကစားသမားများက ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။
ယင်းစာရင်းမှာ ပြင်သစ်အသင်းနောက် အင်္ဂလန်၊ ပေါ်တူဂီနှင့် အာဂျင်တီးနားအသင်းများက အသီးသီး ရှိနေခဲ့ကြပါတယ်။
လူမျိုးရေးခွဲခြား မှု ၂၀ ရာခိုင်နှုန်း၊ ခြိမ်းခြောက်မှု ၁၄ ရာခိုင်နှုန်းနဲ့ နိုင်ငံခြားသား မုန်းတီးရွံရှာမှု ၁၂ ရာ ခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။
ပွဲဒိုင်လူကြီးတွေဟာ အလွယ်တကူ ပစ်မှတ်ထားခံရဆုံးသူများဖြစ်ခဲ့ပြီး အွန်လိုင်းတိုက်ခိုက်မှု ဖြစ်ရပ်များရဲ့ ၇၁ ရာခိုင်နှုန်းအထိ ပါဝင်ပတ်သက်ခဲ့ပါတယ်။

image