7 ရက် - ဘာသာပြန်ပါ။

အာဆင်နယ်အသင်းက ဇူဘီမန်ဒီနဲ့ ဟင်ကာပိုင်တို့ လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိ

အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ ဇူဘီမန်ဒီနဲ့ ဟင်ကာပိုင်တို့ လေ့ကျင့်ရေးမှာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
လိဒ်စ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ စနေနေ့ပွဲအပြီး နောက်တစ်ရက်မှာ ပွဲချိန်ပြည့်မကစားခဲ့ရတဲ့သူတွေနဲ့ လေ့ကျင့်ခန်းဆင်းခဲ့တာဖြစ်တယ်။
ဟင်ကာပိုင်(၂၄ နှစ်)ဟာ လိဒ်စ်နဲ့ပွဲမှာ ပွဲချိန် ၈၂ မိနစ်ရောက်မှ လူစားဝင်ကစားခဲ့တာဖြစ်တယ်။
ဇူဘီမန်ဒီ(၂၇ နှစ်)ကတော့ ပွဲကစားခွင့်မရဘဲ အရန်ခုံမှာသာ ထိုင်နေခဲ့ရပါတယ်။
ဟင်ကာပိုင်က အရန်ဂိုးသမား မီလီရေးနဲ့ ထိခိုက်မိပြီး ဇူဘီမန်ဒီမှာလည်း လေ့ကျင့်ရေးအပြီး နာကျင်မှုဝေဒနာ ခံစားခဲ့ရပါတယ်။
ဟင်ကာပိုင်ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ သုံးပွဲသာ လူစားဝင်ကစားခွင့်ရခဲ့ပြီး နာပိုလီနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ ပွဲထွက်ကစားခွင့် ရခဲ့ပါတယ်။
ဇူဘီမန်ဒီကတော့ ပရီးမီးယားလိဂ် ငါးပွဲကို အရန်ခုံကနေ လူစားဝင်ကစားထားပါတယ်။

image