AR သုံးစေချင်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး သန်းပိုင် ဆို

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးသန်းပိုင်က M League ပြိုင်ပွဲမှာ VAR အသုံးပြုစေချင်ပြီဖြစ်ကြောင်း ရန်ကုန်စီးတီးအသင်းအား ရှုံးနိမ့်အပြီးမှာ ပြောကြားခဲ့ပါတယ်။
သန်းပိုင်က "တိုက်စစ်၊ ခံစစ်သွားတဲ့နေရာမှာ ကျွန်တော်တို့အသင်းက ခံစစ်ပိုင်းမှာ အားနည်းခဲ့တယ်လို့မြင်ပါတယ်။ အပြန်အလှန်ဂိုးတွေသွင်းကြတဲ့နေရာမှာ အခွင့်အရေးကို ပိုအသုံးချနိုင်တဲ့အသင်းက အနိုင်ရသွားတာပါ။ ကျွန်တော်တို့ရတဲ့ဂိုးက ကျွန်တော့်အမြင်ပြောရရင် ဂိုးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း တခြားလိဂ်ပြိုင်ပွဲတွေလို VAR သုံးစေချင်ပါပြီ။ တိုက်စစ်၊ ခံစစ်သွားတဲ့ Transition Game မှာ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို သိသွားတဲ့အတွက် ဒါကိုပြင်ပြီး နောက်ပွဲတွေမှာ အသုံးချသွားရမှာပါ။ ပရိသတ်တွေကို ပထမဆုံးအနေနဲ့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်တို့ အနိုင်မကစားနိုင်ခဲ့တဲ့အတွက်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ပရိသတ်တွေက တာဝန်ကျေပြီးသားပါ။ ကွင်းထဲလာအားပေးတဲ့ပရိသတ်တွေရော၊ တီဗီကနေ အားပေးတဲ့ ပရိသတ်တွေရော အားလုံးတာဝန်ကျေကြပါတယ်" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီရာသီ M League ပြိုင်ပွဲ ပွဲစဥ် (၃) အဖြစ် အောက်တိုဘာ (၁၁) ရက်က အိမ်ကွင်းဖြစ်တဲ့ YUSC ကွင်းမှာ တန်းတက် ရန်ကုန်စီးတီးအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တစ်လုံးတည်သောချေပဂိုးကို သန်းပိုင်က ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒီပွဲအရှုံးရလဒ်ဟာ ဒီရာသီ M League ပြိုင်ပွဲမှာ ပထမဆုံးရှုံးပွဲဖြစ်သလို အိမ်ကွင်းရှုံးပွဲ ပထမဆုံးဖြစ်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာက ဦးဆောင်ရမယ့် အခွင့်အရေးကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။

image