ဘုန်းမောက်နဲ့ ကစားရမယ့်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ပါလ်မာနဲ့ ဂျော်အိုပတ်ဒရိုတို့ လွဲချော်ဖွယ်ရှိ

ပရီးမီယားလိဂ်ပွဲစဉ်အဖြစ် လာမယ့်စနေနေ့မှာ ချယ်လ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာပါ။

အဲဒီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ပါလ်မာနဲ့ ဂျော်အိုပတ်ဒရိုတို့ လွဲချော်ဖွယ်ရှိနေပြီး နည်းပြ အလွန်ဆိုအနေနဲ့ ခေါင်းခဲစရာ ဖြစ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ပါလ်မာအနေနဲ့ ကြံခိုင်မှုပိုင်းဆိုင်ရာပြဿနာတွေကြောင့် အဂ်လန်အသင်းလူစာရင်းက နှုတ်ထွက်ခဲ့ပြီး ပတ်ဒရိုကတော့ ဘရာဇီးလ်အသင်းအတွက် ကစားရင်း ဒူးဒဏ်ရာ ရရှိခဲ့တာပါ။

ဒါကြောင့် ဘုန်းမောက်နဲ့ပွဲမှာ သူတို့(၂)ဦးစလုံးလွဲချော်ဖွယ်ရှိနေပြီး လက်ရှိအချိန်အထိလည်း လေ့ကျင့်ရေးအစီအစဉ်များကို ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

ပတ်ဒရိုဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် (၃)ဂိုးသွင်း၊ (၃)ကြိမ်ဖန်တီးထားပြီး ပါလ်မာအနေနဲ့လည်း (၂)ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဖန်တီးမှု (၂)ကြိမ်ပြုလုပ်ထားပါတယ်။

တခြားကစားသမားတွေဖြစ်တဲ့ ရီးစ်ဂျိမ်းစ်နဲ့ ကိုင်စီဒိုတို့ကတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

Photos: x

image