ဧရာဝတီအမျိုးသမီးအသင်း ဂျပန်ပရော်ဖက်ရှင်နယ်ကစားသမား ဗဟိုခံစစ်မှူးကို ခေါ်ယူ

မြန်မာအမျိုးသမီးကလပ် ဧရာဝတီအမျိုးသမီးအသင်းဟာ ဂျပန်ပရော်ဖက်ရှင်နယ်ကစားသမား ဗဟိုခံစစ်မှူး ကုရုမီအီဝါရှီတာကို ခေါ်ယူစာချုပ်ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီတွင် ပြည်တွင်းပြိုင်ပွဲသာမက ပြည်ပပြိုင်ပွဲဖြစ်တဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေကြောင်း သိရပါတယ်။
ဒါကြောင့် ဧရာဝတီအမျိုးသမီးအသင်းဟာ ရာသီဝက်အပြောင်းရွှေ့ကာလတွင် ပြည်တွင်းပြည်ပကစားသမားတချို့ကို အပြောင်းအလဲပြုလုပ်နေလျက်ရှိကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ အသက် (၂၇) နှစ်၊ အရပ် (၅) ပေ၊ (၇) လက်မရှိ ဂျပန်ပရော်ဖက်ရှင်နယ် အမျိုးသမီးကစားသမား အီဝါရှီတာကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူခဲ့ပြီး ယခုအခါ ဂျပန်အမျိုးသမီးကစားသမားမှာ အသင်းနဲ့အတူ လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
အီဝါရှီတာဟာ ဂျပန်အမျိုးသမီးဘောလုံးလောကရဲ့ အမြင့်ဆုံးဖြစ်တဲ့ We League ပြိုင်ပွဲဝင် အေစီနာဂါနိုပါစီယိုအသင်းတွင် ကစားခဲ့ဖူးသလို ထိုင်းကလပ် BGC-CAS အသင်းတွင်လည်း ကစားခဲ့သူဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်ကစားသမားနှစ်ဦးကိုလည်း ခေါ်ယူထားပါတယ်။

image