1 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းလွှတ်တော်၏ ပထမနေ့အစည်းအဝေး၌ အစိုးရကျောင်းများ၏ အရည်အသွေးမြှင့်တင်ရန် အဆိုတင်သွင်းမည်

ယနေ့ အောက်တိုဘာ ၈ ရက်နံနက် ၁၀ နာရီတွင်ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(ပထမနေ့)တွင် အစိုးရကျောင်းများ၏ အရည်အသွေးမြှင့်တင်ရန် အဆိုကိုတင်သွင်းမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကိုယ်စားလှယ်အမှတ် (၂)ဒေါ်စန်းစန်းဝင်းက "မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အစိုးရကျောင်းများ၏အရည်အသွေးနှင့် အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရန်" အဆိုကိုတင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
ယင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူပြီးနောက် လက်ခံဆွေးနွေးသင့်ကြောင်း လွှတ်တော်ကဆုံးဖြတ်ပါက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတင်သွင်းနိုင်သည်ဟုကြေညာမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လမ်းမတော်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁) ဦးညီညီသွယ်၊ ကွမ်းခြံကုန်းမြို့နယ်ကိုယ်စားလှယ်အ မှတ်(၂)ဒေါ်စန္ဒာဝင်း၊ အင်းစိန်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးသူရိန်လင်း၊ လှည်းကူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်မင်းထွန်း၊ ဒလမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးသန်းဦး၊ ဗဟန်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဒေါ်ခိုင်ဆုရည်ဇော်တို့က ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပုဇွန်တောင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစိုးမြင့်၊ လှိုင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးစံကျော်၊ သန်လျင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၁)ဦးရန်မျိုးအောင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)ဦးဝေယံပိုင်၊ သုံးခွမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ဦးလှဌေးတို့ကလည်းကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ်စားစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်၊ ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)ကို လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

image