ပီတာရှယ်လ်တန်ရဲ့ အင်္ဂလန်ပွဲအများဆုံးမှတ်တမ်းကို ဟာရီကိန်း လိုက်မီ

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဂန္ထဝင်ဂိုးသမား ပီတာရှယ်လ်တန် တင်ရှိထားတဲ့ အင်္ဂလန်ပွဲအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ပါတယ်။
ဟာရီကိန်းဟာ ချက်နဲ့ပွဲမှာ ပါဝင်ကစားပြီး ပီတာရှယ်လ်တန်ရဲ့ ၁၂၅ ပွဲမှတ်တမ်းနဲ့ တူညီသွားခဲ့ပါတယ်။
ပီတာရှယ်လ်တန်က လူမှုကွန်ရက်ကနေ ဟာရီကိန်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့ပါတယ်။
ဟာရီကိန်း(၃၃ နှစ်)ဟာ အခုပွဲမှာ နှစ်ဂိုးသွင်းယူပြီး လက်ရွေးစင်ကစားသမားဘ၀ ဂိုး ၉၀ ပြည့်မြောက်ခဲ့ပါတယ်။
အခုနှစ်ဂိုးဟာ ဟာရီကိန်းရဲ့ ဂိုး ၉၀နဲ့ ၉၁ ဂိုးမြောက် ဂိုးတွေလည်း ဖြစ်ခဲ့တယ်။
ဟာရီကိန်းဟာ လက်ရှိကစားသမားတွေထဲ စီရော်နယ်လ်ဒို(၁၄၆ ဂိုး)၊ မက်ဆီ(၁၂၅ ဂိုး)၊ လူကာကူ(၉၄ ဂိုး)၊ လီဝန်ဒေါစကီး(၉၂ ဂိုး)တို့ပြီးနောက် ဂိုး ၉၀ ပြည့်တဲ့ ပဉ္စမမြောက် ဖြစ်လာခဲ့တယ်။
၎င်းဟာ ၂၀၁၅ မတ်လက လစ်သူယေးနီးယားနဲ့ပွဲမှာ လက်ရွေးစင် ပွဲဦးထွက်ခဲ့ပြီး လူစားဝင်ကစားတဲ့ ၈၀ စက္ကန့်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

image