သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ မက်ဆီရဲ့နှုတ်ဆက်ပွဲ
အာဂျင်တီးနားဘောလုံးအကျော်အမော် မက်ဆီရဲ့နှုတ်ဆက်ပွဲကတော့ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဘီနင်နဲ့ကစားတဲ့ နှုတ်ဆက်ခြေစမ်းပွဲမှာ မက်ဆီဟာ ပွဲအစအဆုံး ကစားခဲ့တာဖြစ်တယ်။
ပထမပိုင်းမှာတော့ မက်ဆီရဲ့အာဂျင်တီးနားအသင်း ဂိုးပေါက်မတွေ့ဘဲ ပြီးဆုံးခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားအသင်းက သုံးဂိုးသွင်းပြီး မက်ဆီရဲ့နှုတ်ဆက်ပွဲကို လှလှပပ ပြီးဆုံးစေခဲ့ပါတယ်။
မက်ဆီကလည်း တတိယမြောက်ဂိုးဖြစ်စေမယ့် ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းကာ အော်တာမန်ဒီ၊ နီကိုပက်ဇ်တို့ရဲ့ဂိုးတွေကိုလည်း ဖန်တီးပေးခဲ့ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားအသင်းအတွက် နိုင်ငံတကာပွဲ ၂၀၈ ပွဲ ကစားခဲ့ပြီး ၁၂၆ ဂိုးနဲ့ လက်ရွေးစင်အသင်းစာမျက်နှာ ပိတ်သိမ်းခဲ့ပါတယ်။