1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲဝင် မြန်မာလှေလှော်အဖွဲ့ ငွေ (၅)၊ ကြေး (၄) ရရှိ

၂၀၂၆ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံဆိပ် (၅) ခု၊ ကြေးတံဆပ် (၄) ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (ICF Dragon Boat World Cup 2026) ကို ပြီးခဲ့တဲ့စက်တင်ဘာ ၂၅ ရက် မှ ၂၇ ရက်အထိ တရုတ်နိုင်ငံ၊ ယွမ်လင်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲကို အိမ်ရှင်တရုတ်၊ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်းပေါင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

ယင်းပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံ ဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်းဆုတံဆိပ် ၅ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

ထို့နောက် မြန်မာလှေလှော်အားကစားအဖွဲ့ ဟာ ၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင် ပွဲ (ICF Dragon Boat World Championship 2026 ) ကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ .

၂၀၂၆ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့မှာ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယင်းပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားအဖွဲ့ဟာ ငွေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ဆုတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့ပါတယ်။

Photo- MOSA

image