အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသောရာဇဝတ်မှုများအဖြစ်သတ်မှတ်ပြီး Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝသည်းခံခွင့်လွှတ်၍မရသောရာဇဝတ်မှုများအဖြစ်သတ်မှတ်ပြီး Zero Tolerance မူဝါဒဖြင့်နှိမ်နင်းလျက်ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနား၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းလောင်းကစားမှုများသည် ပြည်သူများ၏လူမှုစီးပွားဘဝကိုထိခိုက်စေနိုင်၍ အွန်လိုင်းလိမ်လည်မှုနည်းလမ်းများနှင့် အန္တရာယ်များကို ပြည်သူများသိရှိနားလည်စေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်သူများကို ထိရောက်သောအရေးယူမှုများပြုလုပ်ရန် နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်နေသည်ဟု ပြောသည်။

ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၁ ရက်တွင်ပြဋ္ဌာန်းခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းလုပ်ကိုင်သည့်နေရာများဖော်ထုတ်အရေးယူဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်အထိ (၇၆,၄၈၆)ဦး ဖမ်းဆီးရမိခဲ့ပြီး (၇၃,၂၅၈)ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး KK Park ရှိ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်သော လူနေအဆောက်အအုံများအပါအဝင် အဆောက်အဦ(၆၃၅)လုံးကိုရာနှုန်းပြည့် မိုင်းခွဲဖြိုချဖျက်ဆီးရှင်းလင်းခဲ့သည်ဟု ပြောသည်။

ထို့ပြင် ရွှေကုက္ကိုလ်မြိုင်ကျေးရွာရှိ အဆောက်အဦ(၇၇) လုံးကိုလည်းစိစစ်ဖော်ထုတ်ပြီး ရာနှုန်းပြည့်ဖြိုချဖျက်ဆီးရှင်းလင်းပြီးဖြစ်ရာ ရဲတပ်ဖွဲ့အတွက်ကြီးမားသောလုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ဂုဏ်ပြုပြောကြားခဲ့သည်။

image