1 ပတ် - ဘာသာပြန်ပါ။

Digital Policing နှင့် Forensic Science အပါအဝင် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများ ထိရောက်စွာအသုံးချရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

မှုခင်းပုံစံများ ပြောင်းလဲလာမှုနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုရဲလုပ်ငန်း (Digital Policing)၊ ရဲလုပ်ငန်းသုံးနည်းပညာ (Police Technology)၊ မှုခင်းသိပ္ပံ (Forensic Science) နှင့် ခေတ်မီစုံစမ်းစစ်ဆေးရေးနည်းပညာများကို ထိရောက်စွာအသုံးချနိုင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

(၆၂) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ ထိရောက်စွာထမ်းဆောင်နိုင်ရန် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ လုပ်ငန်းအတွေ့အကြုံနှင့် စည်းကမ်းတို့ကို စနစ်တကျမြှင့်တင်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မှုခင်းသတင်းအချက်အလက်များကို စနစ်တကျ စုဆောင်း၊ သိမ်းဆည်း၊ ခွဲခြမ်းစိတ်ဖြာပြီး အထောက်အထားအခြေပြု စုံစမ်းဖော်ထုတ်မှုများ မြှင့်တင်ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သစ္စာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်တို့ကို ခိုင်မာစွာထိန်းသိမ်းကာ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုများ ကင်းရှင်းစေရေး ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။

image