1 ပတ် - ဘာသာပြန်ပါ။

ဂျာမနီနည်းပြဘဝ ပထမဆုံးနိုင်ပွဲကို ယာဂင်ကလော့ပ်ရယူ

ဂျာမနီနည်းပြ ယာဂင်ကလော့ပ်အနေနဲ့ လက်ရွေးစင်နည်းပြဘဝ ပထမဆုံး နိုင်ပဲကိုရယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ယာဂင်ကလော့ပ်ဟာ နယ်သာလန်ကိုသရေ၊ ဂရိကို ရှုံးခဲ့ပေမဲ့ (၃)ပွဲမြောက်အဖြစ်ကစားတဲ့ ဆားဘီးယားနဲ့ပွဲမှာတော့ ဂျာမနီအသင်းအတွက် ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။

ဂျာမနီအသင်းအတွက် အနိုင်ဂိုးတွေကို (၃၉၊ ၆၁)မိနစ်တွေမှာ ဘစ်ချော့နဲ့ ဖလော်ရီယန်ဗက်ဇ်တို့က သွင်းယူခဲ့တာပါ။

ဖလော်ရီယန်ဗက်ဇ်ကတော့ လက်ရွေးစင်အသင်းအတွက် (၁၂)ဂိုးမြောက်သွင်းဂိုးကိုရယူခဲ့ပြီး အသက် (၂၁)နှစ်၊ (၃၇)ရက်နဲ့ ဂျာမနီအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းနိုင်တဲ့ တတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျာမနီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုထိပ်ဆုံးက ဂရိနဲ့ (၃)မှတ်သာ ကွာဟတော့ပါတယ်။

Photos: B/R

image