1 ပတ် - ဘာသာပြန်ပါ။

M League-2 ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းမှာ ကျင်းပမယ်

ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို အသင်း ၁၀ သင်းနဲ့ ရန်ကုန်မြို့ရှိ ကွင်း ၃ ကွင်းမှာ လာမယ့် အောက်တိုဘာ ၁၅ ရက်ကစပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆- ၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲ ကိုစက်တင်ဘာ (၁၉) ရက်က စတင်ကျင်းပရန် လျာထားခဲ့သော်လည်း အသင်းအရေအတွက် ပိုမိုတိုးလာရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုကဲ့သို့ နောက်ဆုတ်ကျင်းပရခြင်းဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲအပြီးတွင် အဆင့် (၁၁၊ ၁၂) ရ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်းနှစ်သင်းမှာ MNL-2 သို့ တန်းဆင်းခဲ့ရပြီး MNL-2 မှ ပထမ၊ ဒုတိယရ ချင်းလန့်နဲ့ မြဝတီအသင်း တို့မှာ MNL သို့ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ရန်ကုန်မြို့ရှိ ပဒုမ္မာကွင်း၊ တက္ကသိုလ်ကွင်းနဲ့ တောင်ဒဂုံကွင်းတို့တွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။

M League ကော်မတီဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲကို ပြီးခဲ့တဲ့ရာသီ MNL ပြိုင်ပွဲမှ တန်းဆင်းလာတဲ့ ရခိုင်ယူနိုက်တက်နဲ့ ရာမညယူနိုက်တက်အသင်း အပါအဝင် တက္ကသိုလ်အသင်း၊ မနောအသင်း၊ Royal Dagon၊ Enjoy Brother၊ VUE နေပြည်တော်၊ Elite Kings၊ Asian Lion၊ Junior Lions အသင်း ၁၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယင်းအသင်းများထဲတွင် Enjoy Brother၊ Elite Kings၊ Asian Lion၊များမှာ ပြီးခဲ့တဲ့ ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဝင် အသင်းများဖြစ်ကြောင်း သိရပါတယ်။

၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026)
ဗိုလ်လုပွဲတွင် Enjoy Brother အသင်းက Happy Friendship အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲထားခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် ၂၀၂၆ M League-2 တန်းတက်ခွင့်ပြိုင်ပွဲ (MNL-2 Promotion Amateur Club Tournament 2026) ဗိုလ်လုပွဲရောက် Enjoy Brother နဲ့ Happy Friendship အသင်း နှစ်သင်းဟာ ယခုရာသီ M League-2 ပြိုင်ပွဲကို တက်ရောက်ကစားခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ M League ကော်မတီက ယခုထုတ်ပြန်တဲ့ ၂၀၂၆-၂၀၂၇ ရာသီ M League-2 ပြိုင်ပွဲ ဝင်ခွင့်ရ အသင်း ၁၀ သင်းတွင် Happy Friendship အသင်း ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။

M League ကော်မတီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ၂၀၂၆-၂၀၂၇ ရာသီ ပြိုင်ပွဲ ဝင်ခွင့်ရ အသင်း ၁၀ သင်းမှ တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ကစားသမားများရဲ့ လစာနဲ့ စာချုပ်ကိစ္စရပ်များ အငြင်းပွားမှုမရှိစေရန် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Photo- M League

image