မြန်မာ ယူ- ၁၇ အသင်းနှင့် အိန္ဒိယ ယူ- ၁၇ အသင်း ခြေစမ်းပွဲနှစ်ပွဲ ယှဥ်ပြိုင်ကစားမည်
မြန်မာ ယူ- ၁၇ အသင်းနှင့် အိန္ဒိယ ယူ- ၁၇ အသင်းတို့သည် အာရှဖလားခြေစစ်ပွဲအကြို ပြင်ဆင်သည့်အနေဖြင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲ နှစ်ပွဲ ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ- ၁၇ အသင်းနှင့် အိန္ဒိယ ယူ- ၁၇ အသင်းတို့သည် လာမည့်အောက်တိုဘာ (၄၊ ၇) ရင်များတွင် ရန်ကုန်မြို့ရှိ သန်လျင်စတားစီးတီးကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ ယူ- ၁၇ အသင်းနှင့် အိန္ဒိယ ယူ- ၁၇ အသင်းတို့သည် ပြီးခဲ့သည့်မန်လအတွင်းကလည်း ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲ ယှဥ်ပြိုင်ကစားခဲ့ပြီး ထိုစဥ်က ပထမခြေစမ်းပွဲတွင် အိန္ဒိယ ယူ- ၁၇ အသင်းက (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲတွင်မူ ဂိုးမရှိသရေကျခဲ့ကြောင်း သိရသည်။
မြန်မာ ယူ- ၁၇ အသင်းသည် ပြီးခဲ့သည့်သက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် လေးသင်းပတ်လည် ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ် ရရှိခဲ့သည်။
မြန်မာ ယူ- ၁၇ အသင်းသည် ၂၀၂၇ အာရှဖလား ယူ- ၁၇ ပြိုင်ပွဲ ခြေစစ်ပွဲတွင် အုပ်စု (A) ၌ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်းတို့နှင့်အတူ ကျရောက်နေသည်။