1 ရက် - ဘာသာပြန်ပါ။

ချင်းတိုင်းရင်းသားမြန်မာဖိုက်တာ ဂျိုရှုအာဗန် ညာဘက်ပုခုံးဒဏ်ရာကြောင့် နောက်ပွဲကို လာမည့်နှစ်လယ်ပိုင်းလောက်မှသာ ထိုးသတ်သွားရဖွယ်ရှိ

ချင်းတိုင်းရင်းသားမြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ညာဘက်ပုခုံးဒဏ်ရာ (AC Joint Tear) ကြောင့် နောက်ပွဲကို လာမည့်နှစ်လယ်ပိုင်းလောက်မှသာ ထိုးသတ်သွားရဖွယ်ရှိနေကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် ယင်းဒဏ်ရာကို အလက်ဇန္ဒားပန်တိုဂျာနှင့် မထိုးသတ်မီ တစ်လဝန်းကျင်ခန့်က လေ့ကျင့်ရေးရုံတွင် ရရှိခဲ့ခြင်းဖြစ်သည်။
ဂျိုရှုအာဗန်သည် ယင်းဒဏ်ရာကြောင့် လက်သီးထိုးခြင်း၊ နပမ်းနှင့် Sparring လုပ်ခြင်းများကို မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် အလက်ဇန္ဒားပန်တိုဂျာနှင့် ထိုးသတ်ရန် နှစ်ပတ်အလိုမှသာ Sparring ပြန်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် ဒဏ်ရာရရှိနေသော်လည်း ပွဲကို မရွှေ့ဆိုင်းချင်သော​ကြောင့် လက်ခံထိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂျိုရှုအာဗန်သည် အလက်ဇန္ဒားပန်တိုဂျာနှင့် ထိုးသတ်အပြီးတွင် သူ၏ဒဏ်ရာကို MRI ရိုက်စစ်ဆေးပြီး ကုသမှု ခံယူသွားရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့သည်။
လက်ရှိတွင် ဂျိုရှုအာဗန်၏ ဒဏ်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းအချက်အလက်များကို မသိရှိရသေးကြောင်း သိရသည်။
UFC ၏ လက်ရှိ အကောင်းဆုံးကစား သမားစာရင်း (Pound For Pound) တွင် ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် အဆင့် (၆) အထိ ရောက်ရှိလာကြောင်း သိရသည်။
ယခုကဲ့သို့ သတ်မှတ်မှု မှာ UFC ၏ အမျိုးသားဝိတ်တန်းအားလုံးမှ ဖိုက်တာများကို ခြုံငုံ၍ သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ချင်းတိုင်းရင်သား မြန်မာ ဖိုက်တာ ဂျိုရှုအာဗန်သည် ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒား ပန်တိုဂျာကို အမှတ်ဖြင့်အနိုင်ရပြီး ဖလိုင်း ဝိတ်တန်းချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့သည်။
ချင်းတိုင်းရင်းသား မြန် မာဖိုက်တာ ဂျို ရှုအာဗန်နှင့် ဘရာဇီးလ်ဖိုက် တာ အလက်ဇန္ဒားပန်တိုဂျာတို့၏ မကျေပွဲကို စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျ လိစ်မြို့တွင် ကျင်းပပြုလုပ် ခဲ့သည်။
ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား မြန်မာ ဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့၏ မကျေပွဲကို (အဓိကခေါင်ပွဲ) အဖြစ် ထည့် သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

image