1 ရက် - ဘာသာပြန်ပါ။

မက်ဆီရဲ့ကျောနံပါတ် ၁၀ ဂျာစီကို အခြားသူတစ်ဦးဦးထံ အလျင်စလို လွှဲပြောင်းပေးဖွယ်မရှိ

အာဂျင်တီးနားအသင်းဟာ လက်ရွေးစင်ကစားသမားဘဝက အနားယူတော့မယ့် အသင်းခေါင်းဆောင် မက်ဆီရဲ့ကျောနံပါတ် ၁၀ ဂျာစီကို အခြားသူတစ်ဦးဦးထံ အလျင်စလို လွှဲပြောင်းပေးဖွယ်မရှိဘူးလို့ သိရပါတယ်။
ဂန္ထဝင်ကျောနံပါတ် ၁၀ ကို နောက်ဘယ်သူဆက်ခံမလဲဆိုတာဟာ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီအဖို့ ချက်ချင်းအဖြေမရှိသေးတဲ့ မေးခွန်းလည်းဖြစ်နေတယ်။
အာဂျင်တီးနားအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ဘိုလစ်ဗီးယားနဲ့ ကစားမယ့်ပွဲက မက်ဆီခေတ်လွန် ပထမဆုံးစမ်းသပ်မှုလည်း ဖြစ်ပါတယ်။
မက်ဆီ(၃၉ နှစ်)ရဲ့ နှုတ်ဆက်ပွဲကိုတော့ လာမယ့်အပတ် အိမ်ကွင်းမှာ ဘီနင်အသင်းနဲ့ ကစားမှာပါ။
နည်းပြ စကာလိုနီက ကွဲပြားခြားနားတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေနေပြီး ဒီပွဲတွေက စမ်းသပ်မှုတစ်ခုလို့ ပြောခဲ့ပါတယ်။
စကာလိုနီအနေနဲ့ တိုက်စစ်မှာ လော်တာရိုမာတီနက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို တွဲကစားခိုင်းမယ့် အနေအထား ရှိပါတယ်။

image