3 ပတ် - ဘာသာပြန်ပါ။

စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံးနည်းပြဆုကို ဟန်ဆီဖလစ်ခ်၊ အကောင်းဆုံးကစားသမားဆုကို ရာဖင်ညာ ရရှိ

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ဟာ စက်တင်ဘာလအတွက် လာလီဂါအကောင်းဆုံးနည်းပြဆု ရရှိခဲ့ပြီး တိုက်စစ်ကစားသမား ရာဖင်ညာက အကောင်းဆုံးကစားသမားဆု ရရှိခဲ့ကြောင်း သိရပါတယ်။
ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်ဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းကို ပြိုင်ပွဲစုံရာနှုန်းပြည့်အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားပြီး စက်တင်ဘာလအတွင်း ယှဥ်ပြိုင်ခဲ့တဲ့ လာလီဂါ ၄ ပွဲမှာတော့ သွင်းဂိုး ၁၉ ဂိုးအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပေးဂိုးကလည်း ၅ ဂိုးသာရှိခဲ့ပြီး တစ်ပွဲကို အနည်းဆုံး ၃ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။
ဘရာဇီးလ်ကစားသမား ရာဖင်ညာကလည်း စက်တင်ဘာလအတွင်း ယှဥ်ပြိုင်ခဲ့တဲ့ လာလီဂါ ၄ ပွဲမှာ ၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြခဲ့တာကြောင့် အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။
ရာဖင်ညာက သြဂုတ်လအတွက် လာလီဂါအကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့တာကြောင့် ဒီဆုကို နှစ်လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွက် လာလီဂါအကောင်းဆုံးနည်းပြဆုကို အလာဗတ်စ်နည်းပြ ဆန်းချက်စ်ဖလောရက်စ်က ရရှိခဲ့ပါတယ်။

image